gadget8_JPG_Header_Testing
တီဗီအချိန် မှတ်စက်
Television Timer နဲ့ကိုယ့်အိမ်က
တီဗီကိုကန့်သတ်နိုင်မှာပါ။ ကလေးတွေကို တီဗီအချိန်ဘယ်လောက်ပဲ ကြည့်ခွင့်ရမယ်ဆိုတာမျိုး စကားများနေစရာ မလိုတော့ဘူးလေ။ မိဘတွေအားလုံးအတွက် အဖြေကဒီ မှာရှိပါတယ်။ တီဗီဖွင့်ချိန်ကို ကန့်သတ်ပေးနိုင်မှာ မဟုတ်လား။ တစ်နေ့မှာ အချိန်အများဆုံး တီဗီကြည့်နိုင်မှာကို ကန့်သတ်ပေးမယ့်အပြင်ဘယ် အချိန်ကြည့်ခဲ့တယ်ဆိုတာကိုပါ ခြေရာခံနိုင်မှာပါ။
gadget2_JPG_Header_Testing
ကြိုးမဲ့ AV Sender
တီဗွီစွဲလမ်းသူတွေအတွက်ကတော့ အကြိုက်တွေ့စေမယ့် ပစ္စည်း လေးပါ။ ကြိုးမဲ့ AV Sender လေးပေါ့။ ကိုယ်ကြိုက်တဲ့ တီဗွီအစီအစဉ်တွေ ကို အိမ်ထဲကကြိုက်တဲ့နေရာကနေ ဒုတိယတီဗွီဆီကို ထပ်ဆင့်လွှင့်ပေးမှာ ပါ။ အောက်ထပ်မှာ ကြည့်နေတာကို အပေါ်ကနေ ဆွဲယူကြည့်ရှုနိုင်မယ် ပေါ့။ တစ်အိမ်လုံးကို ဖျော်ဖြေရေးအပြည့်အ၀ ပေးနိုင်မှာလေ။ ဈေးနှုန်းက ၂၇ ပေါင်နီးပါးပါ။
gadget3_JPG_Header_Testing
အိုင်းဇုံရဲ့ မျက်စိနှိပ်နယ်စက်
မျက်လုံးညောင်းညာခြင်းတွေကို ဖြေဖျောက်ပေးနိုင်မယ့် မျက်လုံးနှိပ် နယ်စက်ပါ။ အပ်စိုက်ကုထုံးတွေလိုပဲ အပန်းပြေစေမှာက Eyezone Eye Massager ဖြစ်ပါတယ်။ ကွန်ပျူတာဖန်သားပြင်ကို ကြည့်ရှုရတာများတဲ့ သူတွေအတွက် အထူးသင့်လျော်ပါတယ်။ မိနစ်ပိုင်းအတွင်းမှာ အကြော ဖြေလျော့မှုတွေအတွက် သူကအသင့်ပါ။ ဈေးနှုန်းကတော့ ၁၃ ပေါင်နီး ပါးပဲ ရှိပါတယ်။
gadget7_JPG_Header_Testing
Chat နိုင်တဲ့ သရီးဒီကင်မရာ မိနိုရု
သရီးဒီ ၀က်ဘ်ကင်မရာနဲ့ စကားပြောချင်လား။ ဒါပေါ့ အဲဒီစိတ်ကူး တွေ တကယ်ဖြစ်လာပြီလေ။ Skypeနဲ့တွဲဖက်အလုပ်လုပ်တယ်။ ပြီးတော့ instant message ပရိုဂရမ်တွေလည်းပါတယ်။ အဲဒါတွေအားလုံးကိုသရီးဒီ မျက်မှန် ငါးလက်နဲ့အတူ ၀ယ်ယူရရှိနိုင်ပါတယ်။ သရီးဒီမှာ chat ရမှာနော်။ ဈေးနှုန်းက ၃၄.၉၅ ပေါင်ဖြစ်ပါတယ်။
gadget5_JPG_Header_Testing
အသက်သွင်းပေးမယ့်ဘက်ထရီအားသွင်းစက်
လွှင့်ပစ်ရတော့မယ့် ဘတ္ထရီတွေကို ဆယ်ကြိမ်ထက်မနည်း အားပြန် သွင်းပြီး သုံးလို့ရစေအောင် အသက်ပြန်သွင်းပေးနိုင်တဲ့ အားသွင်းစက်ပါ။ AAA၊ AA၊ C၊ D နဲ့ 9 v တွေအားလုံးကို တစ်ခါတည်း၊ တစ်ချိန်တည်း အားပြန်သွင်းပေးမှာလေ။ မမိုက်လား။ နာမည်ကိုက Battery Wizard တဲ့။ မှော်ဝိဇ္ဇာ ဘတ္ထရီဆိုပဲ။ ဈေးနှုန်းကတော့ ၁၇.၉၅ ပေါင်ပါ။
gadget9_JPG_Header_Testing
အိတ်ဆောင်ဆိုလာအားသွင်းစက်
ကိုယ်သုံးနေတဲ့ လျှပ်စစ်ပစ္စည်းတွေ အကုန်လုံးကို အားသွင်းစက် တစ်ခုတည်းနဲ့ အခမဲ့ အားသွင်းချင်တယ်ဆိုရင်တော့ Freeloader ကိုသာ ပြေးမြင်လိုက်ပါ။နေစွမ်းအင်ကို အသုံးပြုပြီး အတွင်းဘတ္ထရီကို သူက အားသွင်းမှာဖြစ်ပြီး အဲဒီကမှတဆင့် ကိုယ်အားသွင်းချင်တဲ့စက်ထဲကို ပြန်ထည့်ရမှာပါ။ဘယ်အချိန်မဆို၊ ဘယ်နေရာမဆို သုံးလို့ရမှာဖြစ်ပါ တယ်။ ဈေးနှုန်းက ၂၁.၉၅ ပေါင်ဖြစ်ပါတယ်။
gadget6_JPG_Header_Testing
ပျော့ပျော့ပျောင်းပျောင်း အိတ်ဆောင် USB Hub်
ဒါလေးကတော့ လက်ထဲမှာတောင် သယ်သွားလို့ရတဲ့ အိတ်ဆောင် အရွယ်အစား 4 port hub ကလေးပေါ့။ ထောင့်ပေါင်းစုံကနေ ချိတ်ဆက် လို့ရနိုင်ပါတယ်။ အားသာချက်တွေကတော့ ဖိုင်ကူးပြောင်းနှုန်းမြင့်တယ်။ ၁၈၀ ဒီဂရီလှည့်နိုင်စွမ်းရှိတယ်။ ခေါက်လို့ရတယ်။ ကွေးလို့ရတယ်။လှည့်လို့ရတယ်။ မိုက်မှမိုက်။ ဈေးနှုန်းက ၉.၉၅ ပေါင်ပါ။
gadget10_JPG_Header_Testing
ကြိုးမဲ့ နားကြပ်
တီဗီ၊ ဗီဒီယို recorder၊ စတီရီယို ဒါမှမဟုတ် ဘယ်လိုအသံစနစ်မျိုး နဲ့မဆို တွဲသုံးနိုင်တဲ့ earphone ဖြစ်ပါတယ်။ အသံထွက်ကောင်းမွန်ပြီး နားထောင်ရတာ သက်သောင့်သက်သာရှိလွန်းပါတယ်။ လေ့ကျင့်ခန်း လုပ်ရင်း သီချင်းနားထောင်ချင်သူတွေအတွက် အတော်ကိုအသုံးဝင်မှာပါ။ ဈေးနှုန်းက ၉.၉၅ ပေါင် ဖြစ်ပါတယ်။
Dell1_JPG_Header_Testing
ဒဲလ်ရဲ့ အပါးလွှာဆုံး Adamo
လှပပြီး တောက်ပလွန်းတဲ့ Dell ရဲ့ Adamo XPS လက်ပ်တော့ပ် သစ်ကတော့ ဒီဇီုင်းမှာ သေသပ်ပါးလွှာလွန်းလှပါတယ်။ အထူက ၀ ဒသမ ၄ လက်မသာရှိတာဆိုတော့ သင်ဝယ်ယူရသမျှထဲမှာ အပါးလွှာဆုံး နုတ်ဘွတ်ခ်ပါပဲ။ ဖန်သားပြင်အရွယ်အစားက ၁၃ ဒသမ ၄ လက်မရှိပါ တယ်။ Heat sensor ပေါ်မှာ လက်ချောင်းနဲ့သပ်ချရုံနဲ့ ကီးဘုတ်ကဖြန့် ကျလာမှာဖြစ်ပြီး နုတ်ဘွတ်ခ်က ဖြေးညှင်းစွာပွင့်ကျလာမှာပါ။