Nice Test

article thumbnail မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း “Search Engine တည်ဆောက်သည့် နည်းပညာ” ဟောပြောပွဲနှင့် သင်တန်းကျင်းပမည်
Friday, 01 January 2010

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးအတွက်...

Local IT News!

International General News

article thumbnail တရုတ်နိုင်ငံတွင် အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုပြုခဲ့သူများအား ထောင်ဒဏ်ချမှတ်ခဲ့
Saturday, 02 January 2010

အွန်လိုင်းဂိမ်းကစားခြင်းမှ ငွေလိမ်လည်မှုပြုခဲ့သူ ဂိမ်မာ ၁၁ ဦးကို...

International IT News!

IT News local Nice Test

article thumbnail အချိန်တိုအတွင်း professional လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်သည့် သင်တန်းသစ်
Friday, 01 January 2010 | adminkosunny

ပြည်တွင်း Professional ICT သင်တန်းများသည် အချိန် ကြာမြင့်စွာ...

Education News!

 

Gadget

Gadget

Guide

Guide

article thumbnail စွမ်းရည်မြင့် ဈေးသက်သာတဲ့ 3 in 1 Printer
Monday, 09 November 2009 | adminkosunny

အိမ်နဲ့ ရုံးလုပ်ငန်းတွေမှာ Printer, Scanner, Copier တွေလိုအပ် တယ်ဆိုရင်...

Game

Game

article thumbnail Street Fighter IV
Monday, 09 November 2009

အရမ်းကို တောင့်တင်းခိုင်မာပြီး စိန် ခေါ်နိုင်စွမ်းရှိနေတဲ့...

 
အချိန်တိုအတွင်း professional လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်သည့် သင်တန်းသစ် PDF Print E-mail
Written by adminkosunny   
Friday, 01 January 2010 18:07
ပြည်တွင်း Professional ICT သင်တန်းများသည် အချိန် ကြာမြင့်စွာ ကုန်ဆုံးခြင်းများနှင့် ငွေကြေးမြင့်မားစွာ ကုန်ကျခြင်းများရှိသောကြောင့် အချိန်တို ငွေကုန် သက်သာ၍ နိုင်ငံတကာ အသိအမှတ်ပြုအောင်လက်မှတ်နှင့် အတူ Professional လမ်းကြောင်း ပေါ်သို့ ရောက်ရှိနိုင်သည့် သင် တန်းသစ်ကို မန္တလေးတွင် စတင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရ သည်။“မန္တလေးမှာ စာမေးပွဲနံပါတ် အလိုက် Pro သင်တန်းတွေ မရှိ ဘူး။ နောက်ပြီး ပြည်တွင်းက သင်တန်းတွေကိုကြည့်ရင် အချိန်ဆွဲပြီး သင်နေကြတယ်။ စာမေးပွဲနံပါတ် တစ်ခုကို ၃ လကျော် ၄ လ သင်ကြတယ်။ တစ်ပတ်တစ်ရက်၊နှစ်ရက်၊တစ်ရက်တစ်နာရီခွဲဒါမျိုးသင် ကြတာများတယ်။ တွက်ကြည့်ရင် ၅ လသင်မှ နာရီ ၆၀ ပဲရှိတယ်။ ၅ဘာသာလောက်သာ ဖြေမယ်ဆို ရင်၂နှစ်လောက်သင်တန်းတက်နေ ရတာမျိုးက မဖြစ်သင့်ပါဘူး။ အချိန်ဆွဲ သင်နေပေမယ့်လည်း နာရီ ၄၀ ကျော်တဲ့အတန်းမတွေ့ ရဘူး။ ဒီအတွက် အချိန်ကုန် ငွေကုန် သက်သာတဲ့ Pro သင်တန်းသစ် ကို ဖွင့်လှစ်ဖို့ ဆောင်ရွက်ခဲ့တာပါ” ဟု Myanmar Inspriations  မှ ဦး လှမျိုးထွန်းက ပြောကြားသည်။ ပုံစံသစ်သင်တန်း၏ ပထမ အဆင့်အနေဖြင့် Microsoft ၏ .Net Framwork Foundation (70-536) စာမေးပွဲသင်တန်းကို သင်ကြားမည်ဖြစ်ကြောင်း သိရသည်။ “တစ်ရက် ၄ နာရီခန့် ၂ ပတ်သင်မယ်။ နာရီ ၅၀ ရှိရမယ်။တက်ပြီးတာနဲ့ online စာမေးပွဲ တန်းဖြေရမယ်။ သင်တန်းပြီးတာ နဲ့ နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ်ပါ တွဲရမယ်ဆိုတဲ့ သဘောပဲ။ ၂ ပတ်သင်ပြီး ၁ ပတ် လေ့ကျင့်ခွင့်ရမယ်။ ဒီအတွက်တစ်လထဲမှာ Pro လမ်းကြောင်းပေါ်ကို စတင် တက်လှမ်းနိုင်သွားမယ်။ အောင်လက်မှတ်ရတဲ့အထိ ၁သိန်း ၂ သောင်း သတ်မှတ်ထားတယ်။ အခြားသင်တန်းတွေလို သင်တန်းကြေးတင် ၁ သိန်းကျော်နေတာမျိုး မဟုတ်ဘူး။ စာမေးပွဲဖြေဖို့ ၈ သောင်းလောက်ပါ တွဲပြီးပါဝင် တယ်။ မန္တလေးဈေးချိုရဲ့ ပထမ ဆုံးနည်း ပညာဟောပြောပွဲကို ဒီဇင်ဘာ ၁၆ ရက်နေ့ကျင်းပဖို့ရှိ တယ်။ အဲဒီမှာလာအပ်ရင် တစ်သိန်းနဲ့ လက်ခံမယ်။ မန္တလေးမှာ လိုအပ်ချက်ရှိရင် အခြားသင်တန်း တွေထပ်ဖွင့်မယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြား သည်။ အဆိုပါ သင်တန်းအား မန္တလေး အိုင်တီဇုန်အသစ်ဈေးချို ပလာဇာတွင် ဇန်န၀ါရီလမှ စတင် ဖွင့်လှစ်မည်ဖြစ်ပြီး အင်္ဂလိပ်စာ ဖတ်တတ်သူနှင့် ကွန်ပျူတာ အခြေခံရှိသူတိုင်း တက်ရောက်နိုင် ကြောင်း သိရသည်။
Last Updated ( Friday, 01 January 2010 18:21 )
 

My Journal