Nice Test

article thumbnail မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း “Search Engine တည်ဆောက်သည့် နည်းပညာ” ဟောပြောပွဲနှင့် သင်တန်းကျင်းပမည်
Friday, 01 January 2010

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးအတွက်...

Local IT News!

International General News

article thumbnail တရုတ်နိုင်ငံတွင် အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုပြုခဲ့သူများအား ထောင်ဒဏ်ချမှတ်ခဲ့
Saturday, 02 January 2010

အွန်လိုင်းဂိမ်းကစားခြင်းမှ ငွေလိမ်လည်မှုပြုခဲ့သူ ဂိမ်မာ ၁၁ ဦးကို...

International IT News!

IT News local Nice Test

article thumbnail အချိန်တိုအတွင်း professional လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်သည့် သင်တန်းသစ်
Friday, 01 January 2010 | adminkosunny

ပြည်တွင်း Professional ICT သင်တန်းများသည် အချိန် ကြာမြင့်စွာ...

Education News!

 

Gadget

Gadget

Guide

Guide

article thumbnail စွမ်းရည်မြင့် ဈေးသက်သာတဲ့ 3 in 1 Printer
Monday, 09 November 2009 | adminkosunny

အိမ်နဲ့ ရုံးလုပ်ငန်းတွေမှာ Printer, Scanner, Copier တွေလိုအပ် တယ်ဆိုရင်...

Game

Game

article thumbnail Street Fighter IV
Monday, 09 November 2009

အရမ်းကို တောင့်တင်းခိုင်မာပြီး စိန် ခေါ်နိုင်စွမ်းရှိနေတဲ့...

 
Health
သွေးတိုးနှင့်သွား PDF Print E-mail
 သွေးတိုးရောဂါဟူသည် လူတိုင်းခံစာနိုင်ရမည် မဟုတ်သော်လည်း သွားနှင် ပတ်သက်၍ ခံစားမှုသည် လူတိုင်း ကြုံတွေ့နိုင်ပါသည်။ ကလေးတစ်ယောက်အတွက် လူကြီး ဘ၀သို့ ကူးပြောင်းခဲ့မည်ဆိုခဲ့လျှင် အဖြစ်အပျက်မျိုး မဖြစ်မနေ ကြုံတွေ့ကြရပါမည်။ သို့သော်သွေးတိုေးရာဂါ ရှိလာသူ တစ်ယောက်အတွက် သွားရောဂါနှင့်  ပူးတွဲ ယှဉ်တွဲ လာနိုင်ပါသည်။ ထိုအချိန်အခါမျိုးတွင် သွားရောဂါသည်လည်း ခံစားလာရသလို သွေးတိုးရောဂါသည်လည်း ဆိုးဝါးလာနိုင်သော အခြေအနေပြောင်းလဲချက်များ ရှိပါသည်။
   နှစ်ခုစလုံး မကြုံတွေ့ မခံစားရသော သူအတွက် မည်သို့သော အတွေ့အကြုံမျှ ရရှိမည် မဟုတ်ပေ။ သွားရောဂါဟူသည်ကား သွားရယ်လို့ ရှိလာခဲ့လျှင် သွားနှင့်ပတ်သက်၍  ဖွဲ့စည်းဖြစ်ပေါ်မှုနှင့် သက်ဆိုင်သော ရောဂါများ ဖြစ်သည့် သွားပိုးစားခြင်း၊ သွားဖုံးရောင်ခြင်းများဖြစ်နိုင်ပါသည်။ ခန္ဒာကိုယ်တွင်း၌ ဖြစ်ပေါ်နိုင်သည့် သွေးတိုးနှင့် သွားရောဂါကို သီးခြားစီ သိရှိရန် လိုအပ်ပါသည်။
    သွေးတိုးရောဂါဟူသည် ရေတွေများစွာ ခန္ဒာကိုယ်အတွင်း တိုးဝင်လာသကဲ့သို့ သွေးများများ ခန္ဒာကိုယ်အတွင်း သွေးကြောများသို့ တိုးဝင်လာခြင်းမဟုတ်ပေ။ သွေးကြော်များတွင်းသို့ စီးဝင် တွန်း ပို့အား ပမာဏ ပိုများလာပြီး ရေပိုက်နှင့် ပမာဏဆင်ရလျှင် ရေပိုက်ကျဉ်းနေလျှင် တိုးဝင်သည့် အားနည်းလာသည့်သဘောနှင့် အလားတူပေသည်။ ထို့အတူပင် ခန္ဓာကိုယ်အတွင်း၌ ရှိနေသော သွေး ကြောများတွင်း၌ စီးဆင်းနေသော သွေးများအား တိုးဝင်အားသည် သွေးကြောများနှင့် ဆက်စပ်နေပေသည်။ အသက်ကြီးလာသည်နှင့်အမျှ သွေးကြောနံရံများ ထူလာပြီး သွေးတိုးရောဂါ၊ သွေးကြော ကျဉ်းရောဂါများ ဖြစ်ပေါ်လာနိုင်သည့် အနေအထားများဖြစ်ပေါ်လာနိုင်သည့် အခြေအနေများပင်ဖြစ်ပါသည်။ ပုံမှန် သွေးလိုအပ်နှုန်းမှာ ၁၂၀/၁၈၀ ရှိသည်။ ထိုပမာဏ၏ အထက်သို့ ရောက်ရှိနေသော အခြေအနေများဖြစ်သည့် ၁၅၀/၁၀၀ စသည့်ဖြင့် ပမာဏများ တိုးလာခြင်းသည် ပုံမှန်ဖြစ်လာလျှင် သွေးတိုးရောဂါရှိလာသည်ဟု ပြောဆို သတ်မှတ်နိုင်သည်။ ပမာဏများခြင်း နည်းခြင်းပေါ်တွင်မူ တည်၍ သွေးတိုးရောဂါ အခြေအနေဆိုးနေခြင်း၊ ပုံမှန်ဖြစ်နေခြင်းများ ရှိနေပါသည်။
   အချို့သော သူများမှာ သွေးတိုးရောဂါကို သိရှိ၍ ခံစားနေရပြီးဆေးကုသခြင်းရှိနေသကဲ့သို့ လုံးဝမခံစားရဘ ဆေးကုသခြင်းသောသူများလည်း ရှိပါသည်။ ထုံးစားရသော သူများအတွက် အသက် နှုတ်သော လူသတ်သမားဟုပင် ခေါ်ဆိုကြပါသည်။ သွေးတိုးရောဂါရှိသည်နှင့်အမျှ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်းများသည် သွေးတိုးရောဂါ၏ ခံစားရသော ရောဂါလက္ခဏာများ ပင်ဖြစ်ပါသည်။ သွေးတိုးရောဂါ အခြေအနေဆိုးလာလျှင် နှလုံးပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ သွေးကြောပေါက်ခြင်း၊ အဆုံးစွန်တွက်၍ စဉ်းစားလျှင် ဖြစ်နိုင်ပါသည်။ သွေးတိုးရောဂါအတွက် အကြောင်အရာသညပ်ငလျှင် ရေး၍ မနိုင်လောက်အောင် များပြားလှပါသည်။ သွေးတိုးရောဂါသည် အသက်အရွယ်ကြီးလာသူ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန် ခန့်သည် ဝေဒနာခံစားနေကြရခြင်းဖြစ်ပါ သည်။ အမျိုးသမီးများထက် အမျိုးသားတွင် ပို၍ အဖြစ်များပါသည်။
  သွေးတိုးရောဂါကြောင့် သေဆုံးရသူများ ဒုနဲ့ဒေး ရှိသလို သွေးတိုးရောဂါကို မကြောက်ကြသူများလည်း ရှိပါသည်။ နေ့စဉ်နှင့်အမျှ ခံစားနေရ၍ အမှုမှဲ့အမှတ်မဲ့နေထိုင်လာကြခြင်းကြောင့်ပင် သွေးတိုး ရောဂါရှိသူတစ်ယောက်သည် ရှိလို့ရှိမှန်း မသိနိုင်ခဲ့လျှင် အန္တရာယ်များသော အခြေအနေများပင်ဖြစ်ပါသည်။ တချို့သောသူအတါက် ခံစားရသော ဝေဒနာအရ သိရှိနိုင်ပြီး အချို့မှာ ပုံသေစစ်ဆေးပြသ ခြင်းဖြင့်ပင် သိရှိနိုင်ပါသည်.
  သွားရောဂါ ဝေဒနရှင်တစ်ယောက်အတွက်မူ သွားနုတ်ခြင်း၊ သွားကုသခြင်းတို့သည် ကြုံတွေ့နေရစမြဲ ဖြစ်သည်။ ထိုကဲ့သို့ သွားရောဂါ ကုသရမည်ဆိုလျှင် မိမိတွင်ရှိနေသော သွေးတိုးရောဂါကို ဆရာဝန်အား အသိပေး ပြောပြသင့်သော အချက်သည် အရေးကြီးပါသည်။ မိမိကိုယ်မိမိ သွေးတိုးရောဂါရှိခြင်း မသိလျှင် ခံစားရသော ဝေဒနာနှင့် မိသားစုဝင်ကို ပြောပြရပါဦးမည်။ အချက်အလက်များ သည် သွားကုသမှုကို ထိရောက်သော ကုသမှု၊ စနစ်မှန် ကုသမှုကို ရှိမည်ဖြစ်သည်။ သွေးတိုးရောဂါရှိနေသော သူတစ်ယောက်အတွက် သွားဆရာဝန်ဘက်မှကြည့်လျှင် အသုံးပြုရသော ဆေးတို့ကို သာမန်ဆေးနှင့်မတူသော ဆေးပြောင်းလဲရမည်ဖြစ်၍ ကြိုတင်အကြောင်းကြားထားသင့်ပါသည်။
  သွားရောဂါဝေဒနာ ခံစားရသူတစ်ယောက်အတွက် ချက်ချင်းဝေဒနာပျောက်သော ဆန္ဒသာရှိပါသည်။ ရောဂါဝေဒနာတစ်ခု၏ နောက်ကွယ်၌ ရှိနေသောရောဂါကို စဉ်းစားပါ။ ရောဂါချင်း မဆက်စပ်ဟု တွေးကြပါသည်။ သွေးတိုးရောဂါရှိသူတစ်ယောက်အတွက် သွားကုသမှုကို ကုသမည်ဆိုလျှင် သွေးတိုးကျဆေးများကို ယူဆောင်သွားရန်လိုအပ်ပါသည်။ စားနေသောဆေးများကို ရပ်ထားခြင်းသည် သွေတိုးကို ပို၍ ဆိုးသွားစေပါသည်။ အကယ်၍ သွေးတိုးရောဂါသည် စောစောကမသိရှိ၍ သွားဆေးခန်းသို့ရောက်ရှိမှသာ သွေးတိုးပမာဏများနေလျှင် သက်သက် သွေးတိုးနှင့်ပတ်သက်၍ ကုသနေ သော အထူးကုဆရာဝန်သို့ ညွှန်ပြသွားရောက် စစ်ဆေးခံယူသင့်လျှင် သွားရောက်စစ်ဆေးခံယူသင့်ပါသည်။ စစ်ဆေးမှု ခံယူပြီးမှသာလျှင် မိမိကုသလိုသော သွားကို ဆက်လက်ကုသခံယူနိုင်ပါသည်။ သွေးတိုးရောဂါကို လွန်စွာ ခံစားနေရသော သူအတွက် သိထားသင့်သော အချက်ပင်ဖြစ်သည်။
  သွားရောဂါကို ကုသမှုခံယူလျှင်လည်း မနက်ပိုင်းသည် သွေးတိုးရောဂါဝေဒနာရှင်များအတွက် အကောင်းဆုံးဟု ဆိုပါသည်။ အချို့သော သူများမှာ သွေးတိုးရောဂါ ရှိနေခြင်းကို သိရှိ၍ မိမိကိုယ်မိမိ သွေးတိုးကျဆေးများကို ကာလကြာရှည်စွာ စဉ်ဆက်မပြတ် စားသုံးနေသောသူများရှိပါသည်။ ထိုသို့သော သူများအတွက်မှာလည်း သွေးကျဆေးများကို စားနေခဲ့၍ ပါးစပ်ခြောက်ခြင်းများခံစားနေရပါ သည်။ ပါးစပ်ခြောက်ခြင်းကြောင့် သွားပိုးစား ရောဂါဖြစ်ခြင်း၊ သွားဖုံးများ ရောင်ခြင်းများ ဖြစ်တတ်ပါသည်။
   သွေးတိုးရောဂါနှင့် သွားရောဂါဝေဒနာ ခံစားနေရသူသည် လူနာဘက်၊ ကုသပေးရမည့်သူသ် ဆရာဝန်ဘက် နှစ်ဖက်သာရှိပါသည်။ သွားဆရာဝန်သည် သွားကိုမြင်လေ့ရှိပါသည်။ သွားဆရာဝန် မမြင် နိုင်သော အချက်ဖြစ်နေသည့် သွေးတိုးရောဂါသည် လူနာကိုယ်တိုင် သိရှိခံစားနေရသူဖြစ်သည့် ကြုံတွေ့နေရသူလည်းဖြစ်ပါသည်။ ကိုယ်တိုင် ကြုံတွေ့ခံစားနေရသူတစ်ယောက်အတွက် မိမိမှာရှိနေ သော အခြေအနေကို ပြောပြပေးခြင်းသည် မိမိကုသလိုသော သွားရောဂါအတွက် ထိရောက်သော စနစ်မှန်သော ကုသမှုကို ရရှိနိုင်မည်သာ ဖြစ်ပါသည်။

အံကပ် အမေးအဖြေများ
  သွားကိုက်၍ သွားနုတ်ပြီးနောက် သွားပြန်အစားထိုးစနစ် မရှိခဲ့စဉ်က သွားစိုက်ခြင်းကို အမှုမဲ့၊ အမှတ်ရှိကြပါသည်။ ယခုနောက်ပိုင်းတွင် သွားစိုက်ခြင်းထဲမှ အံကပ်တပ်ဆင်အသုံးပြုခြင်းသည် မျက်မှန် တပ်သကဲ့သို့ ဖြစ်လာပါသည်။ မျက်စိမှုန်လာသည်နှင့် မျက်မှန်တပ်ရန် မရှိမဖြစ် လိုအပ်သည်ဟုတွက်၍ မျက်မှန်များတွင်ကျယ်စွာ အသုံးပြုလာပါသည်။ အံကပ်သည်လည်း မသုံးမဖြစ်လိုအပ်လာသ ဖြင့်  အံကပ်တပ်၍ အသုံးပြုသူများလာပါသည်။ အံကပ်တပ်ဆင်သုံးနေရသူများ သိလိုသော မေးခွန်းနှင့်အဖြေကို တိုတိုရှင်းရှင်းဖော်ပြလိုက်ပါသည်။

Q:  သွားတချို့ကျိုးသွားသူများအတွက် အံကပ် ဘယ်လို တပ်ဆင်သင့်ပါသလဲ။
A:  သွားတချို့ကျိုးနေသူ (ဥပမာအားဖြင့် တစ်ချောင်းမှသည် ၁၃ ချောင်းဝန်းကျင်ကျိုးကို ဆိုလိုပါသည်) သည် ကျိုးပြီးသွား၊ နုတ်ပြီးသွားနေရာအား မူလပုံစံရှိပြီး သွားနှင့် သွားဖုံးအရောင်ရှိသော ပလတ်စတစ်အသားတို့ကို ပူးတွဲပြီး နုတ်ထား (သို့မဟုတ်) ကျိုးသွားသောနေရာအား ပြန်လည်အစားထိုးခြင်းဖြစ်ပါသည်။ ပြန်လည် ပြုတ်မထွက်သွားစေရန် ၀ိုင်ယာနှင့် သွားများကိုပတ်၍ထိန်းထား ပေးပါသည်။ ပိုပြီးဝါးအားနှင့် သွား၏တည်ငြိမ်မှုရရှိစေရန် သတ္ထုအသားအားလုံးနှင့် သွားရောယှက်၍လည်း အသုံးပြုပေးနိုင်ပါသည်။

Q:  အံကပ်တပ်ဆင်တဲ့အခါ အသားကျဖို့ ဘယ်လောက်ကြာပါသလဲ။
A:  ပထမအပတ် အတော်အတွင်းမှာ အံကပ်ဟာ ပါးစပ်ထဲမှာ ပြင်ပပစ္စည်းအနေနဲ့ရှိနေတဲ့အတွက် ကြီးမားနေခြင်း၊ စိတ်အနှောက်အယှက်ဖြစ်၍ အားမရခြင်းစသော ခံစားချက်များရှိပါသည်။ဖြုတ်ယူ ခြင်း၊ တပ်ဆင်ခြင်း အလေ့အကျင့်များလည်း လိုအပ်နေပါသေးသည်။ ဆရာဝန်၏ လမ်းညွန်ချက်အတိုင်း လိုက်နာခြင်းဖြင့် ပြေလည်သွားနိုင်ပါသည်။

Q: အံကပ်ဘယ်လောက်ကြာကြာ တပ်ဆင်ရပါမလဲ။
A: အံကပ်ဘယ်လောက်ကြာကြာတပ်ဆင်ရမလဲဆိုတာက ဆရာဝန် ညွှန်ကြားချက်ပေါ်မူတည်နေပါသည်။ တတ်ခါစ အံကပ်သမားများအတွက် နာခြင်း၊ အဆင်မပြေခြင်းရှိနေသည့်အတွက် နာသောနေ ရာမှာ  ကြာကြာတပ်ဆင်ရသောကြောင့် အံကပ်အနေအထား၊ အံကပ်၏သွား ဖုံးပေါ် ကျရောက်မှုကို ဖြေရှင်းပေးရန်လိုအပ်ပါသည်။ အံကပ်ကို အိပ်ရာမ၀င်မီမှာ ချွတ်ပြီး အိပ်သင့်ပါသည်။

Q: အံကပ်နဲ့စားရတဲ့အခါ ခက်ခဲပါသလား။
A: ပထမပိုင်းမှာတော့ နူးညံ့၍ပျော့သော အစားအစကို စစားခြင်းဖြင့် စတင်နိုင်ပါသည်။ နှစ်ဖက်အညီ မျှကြိတ်ဝါးပေးဖို့လည်း  လိုအပ်ပါသည်။ မာပြီးစေးကပ်သော အစားအစာကို ရှောင်ရပါမယ်။ အံကပ်ကို ညှိပေးစဉ်အတွင်း ပီကေတော့ မ၀ါးသင့်သေးပါ။

Q: အံကပ်ဟာ စကားပြောတဲ့အခါ အခက်အခဲရှိပါသလား။
A: အံကပ်ကိုတပ်ဆင်အသုံးပြုတဲ့အခါ စတပ်ခါစမှာ အခက်အခဲရှိပါသည်။ တချို့စကားလုံးများဟာ အသံထွက်ပီသရန် ခက်ခဲနိုင်ပါသည်။

Q: အံကပ်ကို ဘယ်လိုထိန်းသိမ်းပေးရပါမလဲ။
A:  အံကပ်ကို အစာစားပြီးတိုင်း သန့်စင်ဆေးကြောရန်လိုအပ်ပါသည်။ အံကပ်ကို ဆေးကြောတဲ့အခါလွတ်ကျရင် ကွဲမသွားစေရန်အတွက် ခေါက်ထားသော မျက်သုတ်ပ၀ါပေါ်တွင်ဖြစ်စေ၊ ရေစင်တွင် ဖြစ်စေမှာသ ဘရက်(Brush) ဖြင့် အစားအစာများကို ဖယ်ရှားပေးရပါမည်။ အသုံးပြုတဲ့ဘရပ်ရှ်သည် နူးညံ့သော ဘရပ်ရှ်ဖြစ်ရပါမည်။ အံကပ်သန့်စင်ဆေးရည်များ ၀ယ်သုံး၍ရလျှင်လည်း အသုံးပြု နိုင်ပါသည်။ အိမ်မှာအသုံးပြုသော ဆပ်ပြာနှင့် ဆေးကြောရပါသည်။ သွားတိုက်ဆေးကို အသုံးပြုပြီး မတိုက်သင့်ပါ။ အံကပ်ဟာ  ခြောက်သွေ့နေရင် ပုံစံပြောင်းတတ်သဖြင့် စိုစွတ်နေစေရန် အသုံးမပြု သောအချိနများ၊ ညအချိန်များတွင် ရေထဲကို စိမ်ထားပေးရပါမည်။ ရေလည်း အမြဲတမ်း လဲပေးနေရပါမည်။

Q: အံကပ်ကိုပြန်ပြုပြင်ရပါသလား။
A: နှစ်အချိန်ကြာမြင့်စွာတပ်ဆင်ထားသူအနေနှင့် အံကပ်ကိုပြန်လည်ပြုပြင်ပေးဖို့ လိုအပ်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ ပါးစပ်ရဲ့ ပြောင်းလဲမှုများရှိနေပါသည်။ မေးရိုး၊ သွားဖုံးပြောင်းလဲမှုများ ရှိနေသဖြင့် လိုက်လျောညီထွေရှိအောင် ပြုပြင်ပေးရပါမည်။ မငြိမ်သော အံကပ်များသည် ပြဿနာပေါ်နိုင်ပါသည်။ အံကပ်ကို ကော်နှင့်ကပ်ပြီး မသုံးသင့်ပါ။ အံကပ်ကျိုးသွားရင်အတိအကျမရခဲ့ရင် သွားကျိုးသွားခဲ့ရင်၊ သွားဆရာဝန်ဆီသို့ သွားရောက်ပြုပြင်ပေးပါ။

Q: ပါးစပ်ကိုသီးသန့်ဂရုစိုက်ပေးဖို့ လိုအပ်ပါသလား။
A: တစ်နေ့တစ်ကြိမ် သွားတိုက်ပေးရပါမည်။ သွားပိုးစားခြင်း၊ သွားဖုံးရောင်ခြင်း မရှိစေရန် ဂရုစိုက်ပြုလုပ်ပေးရပါမည်။ အံကပ်နှင့် နီးနေတဲ့ ထိနေသော နေရာမှာ ရှိနေသော သွားများသည်အစာညှပ်ပြီး ပျက်စီးလွယ်ပါသည်။ ၀ိုင်ယာအောက်မှာရှိနေသော သွားနေရာမှာ အစာညပ်ပြီး သွားပိုးစားခြင်းဖြစ်လွယ်နေပါသည်။

Q: သွားဆရာဆီ ဘယ်နှစ်ကြိမ် သွားရပါမလဲ။
A: သွားဘက်ဆိုင်ရာ ရောဂါများစစ်ဆေးခြင်း၊ သန့်စင်ခြင်းပြုလုပ်ပေးရန်အတွက် သွားဆရာဝန်ဆီ အနည်းဆုံး ခြောက်လတစ်ကြိမ် စဉ်ဆက်မပြတ်သွားရောက်စစ်ဆေးမှု ခံယူပေးရပါမည်။
ဒေါက်တာမိုလာ
 
နားကျန်းမာစေဖို့ PDF Print E-mail
        အသက်အရွယ်ကြီးလာသောအခါ နားကောင်းစွာ မကြားရခြင်း (သို့မဟုတ်) နားလေးခြင်း ကြုံတွေ့လာရသည်။ ဆူညံသော ပတ်ဝန်းကျင်၌ ကာလကြာရှည်စွာ နေထိုင်လာခဲ့ရခြင်းကြောင့် နားလေး ခြင်း ဖြစ်နိုင်ပါသည်။ အသံ၏ ကျယ်လောင်မှုကို ဒက်ဆီဘယ်ဖြင့် ညွန်းပြလေ့ရှိသည်။ ၉၀ ဒက်ဆီဘယ် (90 decibels) ထက်ကျော်လွန်ပါက နားအကြားအာရုံ ပျက်ယွင်းစေနိုင်ကြောင်း တွေ့ရသည်။
   နား၍ ဆူညံသံများ ကြားရနေပါက နား၏ အတွင်းခန်း ပျက်ယွင်းမှု၏ လက္ခဏာတစ်ခုဖြစ်သည်။ ဆူညံသော အသံကို ကြာရှည်စွာ ခံစားခဲ့ရပါက နားမကြားရခြင်းမှာ ပြန်လည်ကောင်းမွန်လာနိုင်ခြင်း  မရှိတော့ပါ။ နားမကြားသူကို ကွန်ပျူတာအကူအညီဖြင့် ဖန်တီးထားသော နားကြားအကူ ပစ္စည်းများ အသုံးပြုနိုင်သည်။ နားကြား အကူပစ္စည်းများမှာ နည်းပညာ၏ တိုးတက်မှုကြောင့်နားမကြားသူများ အတွက် အကျိုးရလဒ်ကောင်း ရရှိနိုင်ကြသည်။ နား၏ ကျန်းမာရေးအတွက် နားအတွင်း ပိုးမွှား မ၀င်ရောက်အောင် ကာကွယ်ခြင်းနှင့် ဆူညံသော ပတ်ဝန်းကျင်မရှောင်ကြဉ်ခြင်းဖြင့် နား၏ ကျန်းမာရေး ကို ကောင်းမွန်စေနိုင်ပါသည်။ နားကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်၍ မှန်ကန်သော ဗဟုသုတများ ရှိကြရန် လိုအပ်မည်ဖြစ်ပါသည်။
         အကြားအာရုံဆုံးရှုံးမှုသည် လူ၏အသက်အတွက် အန္တရာယ်မရှိသည်မှန်သော်လည်း အရေးကြီးသေပြဿနာတစ်ရပ်ဖြစ်သည်။ အာရုံခံစားမှုတွင် အမြင်အာရုံကဲ့သို့ အကြား အာရုံသည် လူ့ဘ၀ပြည့်စုံဖို့အတွက် အလွန်အရေးပါသည်။
   စင်ကာပူတွင် လူ ၁၁ ယောက်၌အကြားအာရုံချို့တဲ့သူတစ်ယောက်ရှိသည်ဟုဆိုပါသည်။ တစ်နည်းအားဖြင့် စင်ကာပူနိုင်ငံသား ၃၆၀,၀၀၀ ခန့်မှာ အကြားအာရုံချို့ယွင်းခဲ့သူ များ ဖြစ်ကြသည်။ မွေးဖွားလာသူ ကလေးငယ် ၁၀၀၀ တွင် လေးဦးခန့်မှာ အကြားအာရုံဆိုင်ရာ ပြဿနာများပါလြာ့သည်ဟုသိရသည်။ အကြားအာရုံညံ့ဖျင်းလာမှုမှာ အသက် အရွယ်ကြီးရင့်မှုနှင့်လည်း ဆက်နွယ်ပတ်သက်မှုရှီသည်။
  အကြားအာရုံသည် စကားပြောဆိုခြင်း၊ ဘာသာစကားနားလည်ခြင်း၊ ဆက်သွယ်နိုင်ခြင်းနှင့် သင်ယူခြင်းတို့ အတွက် မရှိမဖြစ် လိုအပ်သည့်အရာ ဖြစ်သည်။အကြားအာရုံချို့ တဲ့ခြင်းကြောင့် အလုပ်အကိုင်ပြဿနများ စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် လူမှုရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့လာရနိုင်သည်။ အကြားအာရုံ ဆုံးရှုံးသူတစ်ဦးသည် မိမိကိုယ် မိမိ ယုံကြည်မှုအားနည်းပြီး စိတ်အားငယ်ခြင်း၊ ၀မ်းနည်းကြေကွဲခြင်း၊ လှုမှုရေးအရ ၀ိုင်းပယ်ခံရခြင်း အထီးကျန်ခြင်ုးစသည်တို့လည်း ကြုံတွေ့လာရနိုင်သည်။
  နားအကြားအာရုံ ချို့ယွင်းမှုမှာ မွေးရာပါ ပြဿနာများကြောင့် ဖြစ်နိုင်သကဲ့သို့ အခြားသော ရောဂါဝေဒနာများကြောင့်လည်း ဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင်နားအာရုံ ချို့ယွင်း သွားနိုင်သည်။ ဦးနှောက်ဖုံးမြှေးရောင်ခြင်း (Meningis)၊ နား၌ရောဂါပိုးမွှားများ ၀င်ရောက်ခံရခြင်း (Ear Infection) ၊ ဆူညံလွန်းသော ပတ်ဝန်းကျင်၌ နေထိုင်ခြင်း၊ နားနှင့် ဦး နှောက်ထိခိုက်ဒဏ်ရာရခြင်း၊ တချို့သော ဆေးဝါးများ စသည်တို့သည် အကြားအာရုံကို ယိုးယွင်းစေနိုင်သော အကြောင်းဇစ်မြစ်များ ဖြစ်နိုင်ကြသည်။
 
<< Start < Prev 1 2 3 4 Next > End >>

Page 1 of 4

My Journal