Nice Test

article thumbnail မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း “Search Engine တည်ဆောက်သည့် နည်းပညာ” ဟောပြောပွဲနှင့် သင်တန်းကျင်းပမည်
Friday, 01 January 2010

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးအတွက်...

Local IT News!

International General News

article thumbnail တရုတ်နိုင်ငံတွင် အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုပြုခဲ့သူများအား ထောင်ဒဏ်ချမှတ်ခဲ့
Saturday, 02 January 2010

အွန်လိုင်းဂိမ်းကစားခြင်းမှ ငွေလိမ်လည်မှုပြုခဲ့သူ ဂိမ်မာ ၁၁ ဦးကို...

International IT News!

IT News local Nice Test

article thumbnail အချိန်တိုအတွင်း professional လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်သည့် သင်တန်းသစ်
Friday, 01 January 2010 | adminkosunny

ပြည်တွင်း Professional ICT သင်တန်းများသည် အချိန် ကြာမြင့်စွာ...

Education News!

 

Gadget

Gadget

Guide

Guide

article thumbnail စွမ်းရည်မြင့် ဈေးသက်သာတဲ့ 3 in 1 Printer
Monday, 09 November 2009 | adminkosunny

အိမ်နဲ့ ရုံးလုပ်ငန်းတွေမှာ Printer, Scanner, Copier တွေလိုအပ် တယ်ဆိုရင်...

Game

Game

article thumbnail Street Fighter IV
Monday, 09 November 2009

အရမ်းကို တောင့်တင်းခိုင်မာပြီး စိန် ခေါ်နိုင်စွမ်းရှိနေတဲ့...

 
Diet
ဝိတ်လျှော့ချင်သလား ဒါတွေသိအောင် အရင်လုပ်ထား PDF Print E-mail
Written by adminkosunny   
Friday, 20 March 2009 14:58

အစားအသောက်ကို ခုံမင်၍ တကယ်စားပြီးတကယ်လည်း ၀နေသူ တစ်ယောက်ကိုယ်အလေးချိန် ပြန်တက် မလာအောင် ထိန်းထား ဖို့ ဆိုသည်မှာ အတော်ပင်မလွယ်သည့် ကိစ္စဖြစ်ပါသည်။ သည်ကိစ္စမလွယ်ရသည့် အထဲ၌ ပိန်ရာပိန်ကြောင်း နည်းလမ်းကောင်း ဆို သည်များ တဆိတ်များလွန်းနေခြင်းသည်လည်း တစ်ကြောင်းး အပါအ၀င်ဖြစ်သည်။ ထို့ကြောင့် Reader's Digest အယ်ဒီတာများက ဘယ်ပိန်နည်း လမ်းညွှန်နောက် လိုက်ရမှန်းမသိ၍ အခက်တွေ့နေသူများ အတွက်အစားအသောက်နှင့် ကျန်းမာရေးလေ့ကျင့်ခန်းဆိုင် ရာ ဆောင်ရန် ရှောင်ရန်များ ရှာဖွေစုစည်းထားပါသည်။ ၎င်းတို့မှာ  သက်ဆိုင်ရာ ပညာရှင်များနှင့် တိုက်ဆိုင်စစ်ဆေး အတည်ပြုပြီး အ ရေးကြီးသည့် အတိုင်း တတိယ ... နံပါစဉ် စီစဉ်ထားသည်ဖြစ်၍ ၀ိတ်လျော့အေငာ် ကြိုးစားနေသူများနှင့် ယုံယုံကြည်ကြည်နှင့် အ ဆင်သင့် ကိုးကားနိုင်ပါသည်။

ဒါတွေလုပ်ပါ

(၁) နေ့စဉ်မှန်မှန် ခြေလှမ်းရေ ၁၀,၀၀၀ ကျလမ်းလျှောက်ပါ။

(၂) နေ့စဉ်နေ့တိုင်း နံနက် စောစောစာ မပျက်မကွက်စားပါ။

(၃) တမင်သက်သက် ထမင်းတစ်နပ်မစားဘဲ နေခြင်းမျိုး ဘယ်တော့မှ မလုပ်ပါနှင့်။

(၄) အစားအသောက် စားသည့်အခါ တစ်ကိုက်ချင်း၊ တစ်ဖဲ့ချင်း အရသာခံစားပါ။ အလုပ်တစ်ခုခု လုပ်ရင်း အစာစားတာမျိုး မလုပ်ပါနှင့်။

(၅) အစာစားသည့်အခါဗိုက်မပြည့်မီ ရပ်လိုက်ပါ။ ဗိုက်ကားသည်အထိ ဆက်မစားပါနှင့်။

(၆) အစားအသောက်ကို ဖြည်းဖြည်းချင်းစားပါ။ တစ်လုတ်နှင့် တစ်လုတ်ကြား ဇွန်းခဏချထားပါ။

(၇)  မိမိအလွန်နှစ်သက်သည့် အစားအသောက်ပင်ဖြစ်ပါစေ၊ တန်သင့်ရုံသာစားပါ။

(၈) ဗိုက်ဆာဆာနှင့် ဈေးဝယ်မသွားပါနှင့်။

(၉) နည်းနည်း အားစိုက်ရုံဖြင့် များများ အကျိုးရှိမည့် ကိစ္စတွေမလွတ်ပါစေနှင့်။ ဥပမာ- ရိုးရိုး Coke သောက်မည့် အစား Diet Coke သောက်ခြင်းမျိုး။ (Coke လည်း သောက်ရ၊ အချိုတွေလည်း အများကြီး မစားဖြစ်၍ လုပ်ရကျိုးနပ်ပါသည်။)

(၁၀) ဈေးဝယ်သွားသည့် အခါ စာရင်း အတိုင်းဝယ်ပါ။ အပိုတွေ မလုပ်ပါနှင့်။

(၁၁) ထမင်းကို အကြိမ်ရေ နည်းနည်းနှင့် တစ်ကြိမ်လျှင် အများကြီး စားမည့် အစား အကြိမ်များများ ခွဲ၍ နည်းနည်းစီစား ပါ။

(၁၂) ဟာသဥာဏ်လေး မွေးမြူထားပါ။

(၁၃) အစာစားသည့်အခါ ဘယ်တော့မှ ပန်းကန်ပြောင်အောင် မစားပါနှင့်၊ အမြဲတမ်းနည်းနည်းချန်ထားခဲ့ပါ။

(၁၄) ဖြစ်နိုင်လျှင် ထမင်းကို ဇွန်းခက်ရင်းနှင့် စားပါ။ လက်နှင့် မစားပါနှင့်။

(၁၅) တစ်နေ့တာ အတွင်း စားမည့်အစာ၏ အများစုကို မွန်းမလွဲမီ စားထားပါ။

 

ဒီလို ချက်ပြုတ်စားသောက်ပါ။

(၁) အသား၊ ငါးကို ဆီနှင့် ကြော်စားမည့်အစား ကင်စား၊ ဖုတ်စား၊ ပြုတ်စားပါ။ သို့မဟုတ် Microwave မီးဖိုနှင့် ချက်စားပါ။

(၂) ထမင်းစားသည့်အခါ ပန်းကန်ထဲ၌ ဟင်းသီးဟင်းရွက်တစ်ဝက်၊ အသား လေးပုံတစ်ပုံ၊ ထမင်း လေးပုံတစ်ပုံနှုန်းဖြင့် ဝေ ပုံချ၍ ထည့်စားပါ။

(၃) သစ်သီးဖျော်ရည် သောက်မည့်အစား အသီးကို အလုံးလိုက်စားပါ။

(၄) ဟင်းတစ်ခွက် အရသာ ကောင်းစေချင်လျှင် ဟင်းခတ် အမွှေးအကြိုင်သုံးပါ။ အဆီများသည့် sauce တွေမထည့်ပါနှင့်။

(၅) ဟင်းချက်သည့်အခါ အဆီဓာတ်များသည့် အမည်ကို အဆီနည်းသည့် အမည်နှင့် တတ်နိုင်သမျှ အစားထိုးပါ။

(၆) ဟင်းကို ဆီကျန်ရေကျန် ချက်သည့်အခါ ဆီ နည်းနည်း၊ ရေများများကျန်အောင်ချက်ပါ။

(၇) ဟင်း အရသာရှိအောင် (ချိုအောင်) သကြားထည့်မည့်အစား သကြားတုထည့်ပါ။

 

ချက်ချင်းအကျိုးထူးစေမည့် ပွဲ့တွေ့နည်းအချို့

(၁) ထမင်းဟင်းရော အချိုပွဲအတွက်ပါ တစ်ယောက်စာ၊ တစ်ခါပြင်ဟု မိမိလက်ခံ သတ်မှတ်လေ့ရှိသည့် ပမာဏကို လျှော့ ချပစ်လိုက်ပါ။

(၂) အရက် သောက်တတ်ပါက အပတ်စဉ် အနည်းဆုံး သုံးရက်ဆက်တိုက် အရက်မသောက်ဘဲနေကြည့်ပါ။

(၃) မိမိကိုယ်ကိုယ် အမြင်လှည့်ဖြားပါ။ ထည့်နေကျ ပန်းကန်ထက် သေးသည့် ပန်းကန်နှင့် ဟင်းထည့်၍ ဟင်းများချင် ယောင်ဆောင်ပါ။ အချိုရည် နည်းနည်းကို များများထင်ရအောင် ခွက်ပိန်ရှည်ရှည်ထဲ ထည့်သောက်ပါ။

(၄) အဆင့်ဆင့်ပြောင်းလဲ ပြုပြင်သန့်စင်ပြီးသား အစားအစာများကို ရှောင်ပါ။ ဥပမာ-ပေါင်မုန့်ဖြူ။

(၅) စားပွဲ သောက်ပွဲ၊ ဧည့်ခံပွဲများ မသွားမီ အဆာပြေ စားသွားပါ။ ကျန်းမာရေးနှင့် မညီညွတ်လှသည့် စားကောင်းသောက် ဖွယ်များ အများကြီး မစားမိအောင် ထိန်းနိုင်စေရန် ဖြစ်ပါသည်။

(၆) မိမိကိုယ်ကိုယ် အပြာရောင်များနှင့် ၀န်းရံထားပါ။ အပြာရောင်သည် စားချင်သောက်ချင်စိတ်နှင့် နည်းပါးစေသည်ဟု ဆိုပါသည်။

 

ဆိုင်တွင် သွားစားသည့်အခါ

(၁) ဘူဖေးဆို ဝေးဝေးက ရှောင်ပါ။

(၂) ဟင်းမှာလျှင် ပွဲသေးမှာပါ သို့မဟုတ် ပွဲကြီးမှာပြီး တစ်ယောက် တစ်ဝက်ခွဲစားပါ။

(၃) ပန်းကန်ထဲ ထည့်ထားသမျှ ကုန်အောင် စားစရာမလိုဘူးဆိုတာ မမေ့ပါနှင့်။

(၄) ကြက်သွန်ဖြူ၊ ပေါင်မုန့်၊ ဆေးဖက်ဝင် အရွက် အခေါက်များနှင့် ပြုလုပ်ထားသည့် ပေါင်မုန့်ဆိုတာတွေကို ရှောင်ပါ။

(၅) ဟင်းပွဲမှာစဉ်ကတည်းက sauce ကို ဟင်းပေါ်မှာ တစ်ခါတည်း ဆမ်းမပေးလိုက်ဘဲ ပန်းကန်သပ်သပ်နှင့် ထည့်ပေးရန် မှာလိုက်ပါ။ မိမိ ဆန္ဒရှိသလောက်ဘဲ ကန့်သတ်စားထားနိုင်ရန်ဖြစ်ပါသည်။

(၆) Pasta ခေါက်ဆွဲ စားသည့်အခါ ခရမ်းချဉ်သီး အချဉ်ရည်နှင့်ပဲ နယ်စားပါ။

(၇) အချိုတည်းသည့်အခါ ဖျော်ရည်ခဲ တစ်ခွက် သို့မဟုတ် အသီးအနှံ တစ်ပွဲနှင့်ကိစ္စပြီးလိုက်ပါ။

(၈) ဗိုက်မပြည့်သေးဘူး ဆိုလျှင် ဟင်းတစ်ပွဲ ထပ်မမှာပါနှင့်၊ ရေတစ်ခွက်ထပ်သောက်လိုက်ပါ။

 

မှားယွင်းနေသော အယူအဆများ

(၁) ရေနွေးသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်း ဇီဝ ဖြစ်ပျက်ပြောင်းလဲမှုများ မြန်ဆန်စေနိုင်သည်။

(၂) တချို့သော အစားအစာများ၌ စားလိုက်လျှင် ကယ်လိုရီ (စွမ်းအင်) ရမည့်အစား လျော့သွားစေနိုင်သည့် အစွမ်းသတ္တိ ရှိသည်။ (များများ စားလေ ပိန်လေဆိုသည့် အစားအစာမျိုးဖြစ်သည်)

(၃) ထမင်းတစ်နပ် လျှော့စားခြင်းသည် ကိုယ်အလေးချိန် လျော့ကျရန် အမြန်ဆုံးနှင့် အထိရောက်ဆုံးနည်းဖြစ်သည်။

(၄) အိပ်ထမတင် လေ့ကျင့်ခန်း မှန်မှန်လုပ်လျှင် ရွှဲနေသည့်ဗိုက် ချပ်သွားနိုင်သည်။

(၅) ညနေ ၅ နာရီကျော်လျှင် ထမင်း အစရှိသည့် ကာဘိုဟိုက်ဒရိတ်များ မစားရ။

(၆) ဗိုက်ထဲတွင် အစာမရှိဘဲ (ဗိုက်ဟောင်းလောင်းနှင့်) လေ့ကျင့်ခန်းလုပ်လျှင် အချိန်တိုတိုအတွင်း အဆီများများ ပိုကျ သည်။

(၇) အစားအသောက်လျှော့ရုံသက်သက်ဖြင့် လျော့ပြီးကိုယ်အလေးချိန် ပြန်တက်မလာအောင် ထိန်းထားနိုင်သည်။

(၈) အစားအသောက်ပုံမှန် လျှော့စားပါက အစာအိမ် ပြန့်ကျံ့ (၀မ်းခေါင်း ပြန်ကျဉ်း) လာနိုင်သည်။

(၉) ခပ်ပျော့ပျော့ လေ့ကျင့်ခန်းများ သက်သောင့်သက်သာ လုပ်နေရုံဖြင့် အဆီကျနိုင်သည်။

 

ဒီလိုအစားအစာတွေရွေးစားပါ

(၁) မပြုပြင် မပြောင်းလဲရသေးသည့် သဘာဝအတိုင်းနီးပါး အစားအစားများ။

(၂) ဆီ၊ ဆား၊ သကြားစသည်များနှင့် မရောမနှော မပေါင်းစပ်ရသေးသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီး များ။

(၃) ပရိုတင်းဓာတ် ရရှိစေရန် အဆီနည်းသည့် အသား၊ ငါး၊  သို့မဟုတ် ပဲအမျိုးမျိုး။

(၄) အမျှင်ဓာတ်များသည့် လုံးတီး၊ ဂျုံ၊ ပေါင်မုန့်၊ ကန်စွန်းဥ စသည်များ။

(၅) ရေ (တစ်ရက်လျှင် ဖန်ခွက် ရှစ်ခွက်ထိ) သောက်ပါ။

(၆) အုတ်ဂျုံ၊ ပဲ၊ ကန်စွန်းဥ စသည့် အချို မပြင်းသော အစားအစာများ။

(၇) ပြည့်ဝဆီနှင့် trans အဆီနည်းသည့် ထမင်း၊ အခွံမားအသီးများနှင့် ခေါက်ဆွဲ။

(၈) မလိုင် ထုတ်ထားသည့် နို့၊ ဒိန်ချဉ်၊ စသည့် အဆီနည်းသော နို့နှင့် နို့ထွက်ပစ္စည်းများ။ 

(၉) ကယ်လိုရီ လုံးဝမပါသည့် လက်ဖက်ရည်။

(၁၀) ငရုတ်သီး၊ အစရှိသည့် ကိုယ်တွင်း ဇီဝ ဖြစ်စဉ်များ မြန်ဆန် သွက်လက် သွားစေနိုင်သည့် အစားအစာများ။

 

စားချင်သောက်ချင်စိတ် ထိန်းမရသိမ်းမရဖြစ်လာသည့်အခါ

(၁) အလုပ်တစ်ခုခုလုပ်၍ အာရုံလွှဲပါ။

(၂) ဆာလွန်းမက ဆာလာသည့်အခါ စားနိုင်ရန် အသီးအနှံများ အဆင်သင့်ဆောင်ထားပါ။

(၃) ဆာလျှင် ရေသောက်ပါ။

(၄) ဆယ် မိနစ်ခန့် စောင့်ကြည့်ပါ။ သည့်နောက်တွင်မှ ဆာနေသေးလျှင် တစ်ခုခု စားလိုက်ပါ။

 (၅) မြေပဲ လက်တစ်ဆုပ်စာ၏ တစ်ဝက်ခန့် စားပါ။

(၆) ကော်ဖီ သို့မဟုတ် လက်ဖက်ရည် တစ်ခွက်သောက်ပါ။

(၇) သွားတိုက်ပါ။

(၈) သကြားမပါသည့် gum ၀ါးပါ။

(၉) မတတ်နိုင်သည့် အဆုံး၌ စိတ်အလို လိုက်ရပြီး ဆိုလျှင်လည်း ချိုအီဆိမ့်တာတွေ စားမည့်အစား၊ အဆီနည်း၊ အချိုပေါ့ သည့် အစားအစာတွေသာ ရွေးချယ်ပါ။

 

မလုပ်သင့်သည့် အရာများ

(၁) ၀မ်းနုတ်ဆေး သောက်ခြင်း။

(၂) အစားအသောက် ဆင်ခြင်ရမည့် အရေး၊ ၀န်လေးကာ နေ့ရွှေ့ ညရွှေ့လုပ်နေခြင်း။

(၃) အချိုနည်း၊ အဆီနည်းစာများ အကန့်အသက်မရှစားခြင်း။

(၄) ထမင်းတစ်နပ် လျှော့စားခြင်း။

(၅) ဆာလောင်စိတ်ကြောင့် မဟုတ်ပဲ ကိုယ်ကာယ နွမ်းနယ်မှု သို့မဟုတ် စိတ်ဖိစီးမှု ဖြေဖျောက်ရန် အစာစားခြင်း။

(၆) မိမိစားသည့် အစားအစာထဲ၌ အဆီ လုံးဝမပါအောင် လျှော့ခြင်း။

(၇) ပိန်ပိန်ပါးပါး ဖြစ်သွားသည်နှင့် ဘ၀တစ်လုံးနီးပါး ပြောင်းလဲသွားမည်ဟု ထင်မြင်နေခြင်း။

(၈) ညအချိန်ရောက်မှ ရေခဲသေတ္တာ တစ်ခုလုံး မွှေနောက် စားသောက်ခြင်း။

(၉) ကိုယ်အလေးချိန် နေ့စဉ် ချိန်ကြည့်နေခြင်း။

(၁၀) အစားအသောက်နှင့် ပတ်သက်၍ မိမိကိုယ်ကိုယ် တစ်ကြိမ် တစ်ခါမျှ အလိုမလိုက်ဖူးသော်လည်း တင်းကြပ်စွာ ကန့် သတ်ထားခြင်း။

 

စိတ်ခွန်အားများ လျော့ပါးလာသည့်အခါ

(၁) မိမိ၏ ရည်မှန်းချက် ပန်းတိုင်ကို စာတစ်ရွက်ပေါ်တွင်ချရေးကာ မြင်သာသည့် နေရာမှာ ကပ်ထားပါ။

(၂) မိမိစားဖြစ်သည့် အစားအသောက်နှင့် ပြုလုပ်ဖြစ်သည့် လေ့ကျင့်ခန်းများ ဒိုင်ယာရီရေး၍ မှတ်သားထားပါ။

(၃) ရုပ်ရှင် သွားကြည့်ခြင်းကဲ့သို့သော အစားအသောက်နှင့် မဆိုင်သည့် ကိစ္စမျိုးဖြင့် မိမိကိုယ်ကို အခါအားလျော်စွာ ဆုချ ပါ။

(၄) မိမိကဲ့သို့ပင် ၀ိတ်လျှော့ရန် ကြိုးစားနေသည့် အခြားပုဂ္ဂိုလ်များနှင့် ပူးပေါင်းပါ။

(၅) ကိုယ်အလေးချိန် ဘယ်လောက်အထိ လျော့သွားလျှင် ကမ်းခြေသို့ အပန်းဖြေခရီးထွက်မည် စသဖြင့် မျှော်မှန်းစရာ ဆုလာဘ်တစ်ခုစီစဉ်ထားပါ။

(၆) ကိုယ်ရည်စစ်ကာ သွယ်လျလာသည့် မိမိ၏ ခန္ဓာကို မှန်ထဲတွင် နေ့တိုင်းကြည့်ကာ စိတ်ခွန်အားများ ရယူပါ။

(၇) ယခင်က ၀ယ်ချင်သော်လည်း ကိုယ်နှင့်  မတော်၍ မ၀တ်ရသည့် အ၀တ်အစားများဝယ်ဝတ်ပါ။

 

 လေ့ကျင့်ခန်း များများ လုပ်ဖြစ်စေချင်လျှင်

(၁) လမ်းလျှောက်ပါ။ စရိတ်လည်း ကျဉ်း၊ ပြုလုပ်ရတာလည်း အဆင်ပြေ လွယ်ကူပြီး အမှန်တကယ်အဆီကျစေနိုင်သည့် ကျန်းမာရေး လေ့ကျင့်ခန်းကောင်းတစ်ခု ဖြစ်ပါသည်။

(၂) နေ့စဉ်သွားလာသည့်အခါ ကိုယ်လက်လှုပ်ရှားမှု များများရစေမည့် နည်းလမ်းကို သတိထားရွေးချယ်ပါ။ ဥပမာ- ဓာတ် လှေကားစီးမည့်အစား လှေကားမှတက်ပါ။ ကားကို ခပ်လှမ်းလှမ်းတစ်နေရာတွင်ရပ်ထားခဲ့ပြီး မိမိသွားလိုသည့် နေရာ ရောက်အောင် လမ်းလျှောက်သွားပါ။

(၃) လေ့ကျင့်ခန်းတစ်မျိုးတည်း နေ့စဉ် ရက်ဆက်ပြုလုပ်သည့်အခါ ရိုးအီလာတတ်သည့် ဖြစ်၍ အလဲအလှယ်လုပ်စရာ တခြားကစားနည်း တစ်မျိုး နှစ်မျိုး ရှာထားပါ။

(၄) လေ့ကျင့်ခန်း  လုပ်ဖော်ကိုင်ဖက်များ ရှာထားပါ။ သို့မဟုတ် Mp3 လေး တစ်ခုဆောင်ထားပါ။

(၅) ကြွက်သား အားကောင်းစေသည့် အလေးမ လေ့ကျင့်ခန်းများလည်း မေ့မထားပါနှင့်။

(၆) အားကစားပွဲ တစ်ခုခု (ဥပမာ-ခရီးရှည် လမ်းလျှောက်ပွဲ) ၌ ပါဝင်ဆင်နွှဲနိုင်ရန် ရည်မှန်းလျက်ကြိုတင်လေ့ကျင်ပါ။

(၇) ဘောလုံး၊ ဘော်လီဘော အစရှိသည့် အသင်းလိုက် ကစားရသည့် အားကစားတစ်ခု ပြုလုပ်ကြည့်ပါ။

(၈) တီဗွီကြည့်နေစဉ်မှာပင် ကြော်ငြာဝင်ချိန် ခဏလေး၌ လေ့ကျင့်ခန်း တစ်ခုခုရသလောက် လုပ်ပါ။

(၉) အချိန်ကုန်ရကျိုးနပ်ပြီး လေ့ကျင့်ခန်းလည်း တကယ်ထိထိရောက်ရောက်လုပ်ဖြစ်စေရန် အားကစားနည်းပြ တစ် ယောက်၏ လမ်းညွန်မှုဖြင့် လေ့ကျင့်ပါ။

Last Updated ( Friday, 27 March 2009 21:07 )
 
သက်ကြီးပိုင်းနှင့်အားကစားလှုပ်ရှားမှု လေ့ကျင့်ခန်း PDF Print E-mail
Written by adminkosunny   
Wednesday, 18 March 2009 14:27

 စင်ကာပူနိုင်ငံ၊ စင်ကာပူမြို့ အလက်စန္ဒားဆေးရုံကြီးမှ  သက်ကြီးပိုင်းဆိုင်ရာ ဆရာဝန်ကြီးတစ်ဦးဖြစ်သူ မစ္စတာ ထုံယုံယု (ခေါ်) တန်ရုံယောင်၏ ဆေးဆောင်းပါးကို ကောက်နှုတ်ဘာသာပြန်ဆို ဖော်ပြတင်ဆက်လိုက်ပါသည်။

 အဆိုပါသက်ကြီးပိုင်းဆိုင်ရာ ဒေါက်တာက အောက်ဖော်ပြပါ ပုဂ္ဂိုလ်များတို့သည် အားကစားလှုပ်ရှားမှု လေ့ကျင့်ခန်းမယူမီ နီးစပ်ရာ ဆရာဝန်များနှင့်  တိုင်ပင်၍အကြံဥာဏ်များ ယူသင့်သည်ဟု ဆိုပါသည်။ သက်ကြီးပိုင်းအနေနှင့်အားကစားလှုပ်ရှားမှု  လေ့ကျင့်ခန်ယူ သင့်ယူနိုင်ပါသည်။ သို့ရာတွင် လူငယ် လူရွယ်မဟုတ်တော့၍ အရမ်းကာရောပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းမယူသင့်ပါဟု သတိပေ ထားပါသည်။ အထူသတိထားရန်မှာ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြစ်ပါသည်။

 ၎င်းမှာကား

(၁) သွေးတိုးရောဂါဝေဒနာရှင်များ

(၂) ဆီးချိုရောဂါ ဝေဒနာရှင်များ

(၃) နှလုံးရောဂါဝေဒနာရှင်များ

(၄) ရင်ကျပ်ပန်းနာ ရောဂါဝေဒနာရှင်များ

(၅) အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲရောဂါဝေဒနာရှင်များ

(၆) ရင်ဘတ်နာတတ်သူများ

(၇) အသက်ရှူကျပ်သူများ

(၈) မူးဝေတတ်သူများ

(၉) အားကစားလှုပ်ရှားမှု၊ လေ့ကျင့်ခန်းမယူဖူးသူ အသက် ၄၀ ကျော်များနှင့်

(၁၀) မိမိ၏ ကျန်းမာရေးအခြေအနေကို မသိသူများ စသည်တို့ဖြစ်ပါသည်။

 သာမန်ကျန်းမာသေ အသက် ၅၀ နှစ်မှ ၆၀ နှစ်အထိ သက်လတ်ရွယ်အိုသက်ကြီးပိုင်းများသည် အလေးမ လေ့ကျင့်ခန်း၊ ဘက်မင် တန်ရိုက် လေ့ကျင့်ခန်းယူနေသေးကြောင်းတွေ့ရသည်။ ယင်းလေ့ကျင့်ခန်းမှာ (resistance training)  ဖြစ်၍ အသက်လတ်သက် ကြီးပိုင်းများလည်း လုပ်နိုင်လုပ်သင့်သည်ဟု ဆိုပါသည်။  ယင်းသို့ လေ့ကျင့်ခန်းယူပေးခြင်းအားဖြင့် သက်လတ်သက်ကြီးပိုင်းများ အဖို့ ကြွက်သားမျးသန်မာစေပြီး ခွန်အားတိုး စေနိုင်ပါသည်။ သို့ရာတွင် အဆိုပါလေ့ကျင့်ခန်းကို  လောဘတကြီး မလုပ်သင့်ဘဲ တ ဖြည်းဖြည်းတိုး၍ တိုး၍ တစ်ဆင့်ပြီး တစ်ဆင့် လေ့ကျင့်ခန်းယူရမည်ဖြစ်၏။ တစ်ခါတည်း လောဘတကြီး ပြင်းပြင်းထန်ထန်လေ့ ကျင့်ခန်းယူလိုက်မည်ဆိုပါက အတွင်းဒဏ်ရတတ်သဖြင့် အထူးသတိနှင့် ဆင်ခြင်သင့်ပါသည်။ ထို့ကြောင့် သက်လတ် သက်ကြီး ပိုင်းများအနေဖြင့် လေ့ကျင့်ခန်းယူတော့မည်ဆိုလျှင် ကာယနည်းပြဆရာများ၏ အကူအညီဖြင့်သာ အားကစားလှုပ်ရှားမှု လေ့ကျင့် ခန်းယူရမည်ဖြစ်ပါသည်။

  ယင်းသို့သက်ကြီးပိုင်းအနေနှင့် လေ့ကျင့်ခန်းယူရင်း ကြွက်သားနာကျင်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ အတွင်းဒဏ်ရာရခြင်း၊တစ် ခုခုဖြစ်ပွားခဲ့လျှင်မူ ဆက်လက်လေ့ကျင့်ခန်းမလုပ်သင့်သေးဘဲ အနားယူသင့်ပါသည်။ အနားယူစဉ်ကာလအတွင်း၌ နာကျင်ကိုက်ခဲ သော နေရာတွင် ၁၀ မိနစ်မှ ၂၁ မိနစ်အထိ ရေခဲအုံပေးပါ။ နာကျင်ကိုက်ခဲမှု သက်သာပေးလိမ့်မည်။ နာကျင်ကိုက်ခဲသော နေရာ ကို ခေါင်းအုံးဖြင့် ခုထားပေးနိုင်ပါသည်။ ပြီးတော့မှ သက်ဆိုင်ရာ ဆရာဝန်နှင့်  ပြသကုသပါ။

 နောက်တစ်ခု သတိထားသင့်သည်မှာ နွေရာသီတွင် ပူအိုက်သဖြင့် ချွေးအထွက်များတတ်ပါသည်။ ပူအိုက်လှသည်ဆိုက အကျင်္ိ ချွတ်ပြီး အားကစားလှုပ်ရှားမှု လေ့ကျင့်ခန်းမယူသင့်ပါ။ လေ့ကျင့်ခန်းလုပ်လျှင် ချွေးစုပ်နိုင်သော စွပ်ကျယ်၊ စပို့ရှပ်ကောင်းကောင်း ၀တ်ပြီး လေ့ကျင့်ခန်းယူပြီးလျှင် ချက်ချက် ရေးမချိုးဘဲ နွေးနေနွေးနွေးထွေးထွေးနေသင့်ပါသည်။ အဆုတ်အအေးမပတ်မိစေရေန် အထူးသတိထားသင့်ပါသည်။

 နောက်ဆုံးတစ်ချက်အဖြစ် သက်လက်ကြီးပိုင်းများသည် အရိုးပွ၊ အရိုးဆတ်၊ အရိုးကျွတ်နေတတ်သဖြင့် အားကစားလှုပ်ရှားမှု လေ့ ကျင့်ခန်းယူနေစဉ် ချော်လဲကျတတသည်ဖြစ်ရာ  ချော်လဲမကျစေရန် အိမ်သား၊ အစောင့်တစ်ယောက်ထားပြီး အားကစားလှုပ်ရှားမှု လေ့ကျင့်ခန်းယူရပါမည်။ ချော်လဲမကျရန် အထူးသတိထားပါ။ သက်လက်ကြီးပိုင်းများအဖြေင့် ကျိကုံး၊ ထိုက်ကျင့်ကွမ်၊ ယောဂလေ့ ကျင့်ခန်းများနှင့် အသင့်တော်ဆုံးဖြစ်သည်ဟု ဆိုရပေမည်။ ထို့ပြင် သက်လတ် သက်ကြီးပိုင်းများသည် လမ်းအမြန်လျှောက်ခြင်း၊ ရေကူး၊ တောင်တက်၊ စက်ဘီးစီးခြင်း ပြုလုပ်လေ့ကျင့်ပေးခြင်းအားဖြင့် နှလုံးနှင့် အဆုတ်သန်စွမ်းအားတိုးစေနိုင်ပါသည်။ ကြွက် သားသန်စွမ်းအားအင်တိုးပွားနိုင်စေရန်အတါက် အလေးမခြင်း၊ ဘတ်မင်တံရိုက်ခြင်း၊ ဘော်လီဘောကစားခြင်း၊ ဂေါက်ရိုက်ခြင်းများ စသဖြင့် ကစားပေးသင့်ပါသည်။

 

Last Updated ( Friday, 27 March 2009 21:10 )
 



My Journal