|
ပါဝင်သောအမယ်များ ၁။ ထမင်း (အအေးခံထားပြီး) ၆ နို့ဆီဘူး ၂။ ပဲပြားချဉ် ၁/၂ နို့ဆီဘူး ၃။ ကြက်သား (သို့) ၀က်သား (သို့) ပုစွန် (စဉ်းကောပြီး) ၁ နို့ဆီဘူး ၄။ ချင်း (အမျှင်မျှင်ပြီး) ၁/၂ နို့ဆီဘူး ၅။ အနီနှင့်အစိမ်းရောင်ငရုတ်သီးစိမ်း (အမျှင်မျှင်ပြီး) ၁/၂ နို့ဆီဘူး ၆။ ကြက်သွန်နီ (ခုတ်စဉ်းပြီး) ၁/၂ နို့ဆီဘူး ၇။ ကြက်သွန်ဖြူ (ခုတ်စဉ်းပြီး) ၂ စားပွဲဇွန်း ၈။ ဆီ ၁/၂ နို့ဆီဘူး ၉။ ဆား ၁ စွားပွဲဇွန်း ပဲပြားနှင့်ထမင်းကြော်ကို ရေကြော်ပြီး ကြက်ဥဇာပ၀ါနဲ့အုပ်ကာ အပေါ်ယံမှ နံနံနဲ့ ကြက်သွန်မြိတ်တွေ တန်ဆာဆင်ပြီး တည်ခင်း ဧည့်ခံနိုင်ပါတယ်။ ဒီထမင်းကြော်ဟာ သာမန်စားနေကျ ထမင်းကြော်ထက် အရာသာ အနည်းငယ် ကွဲပြားခြားနားမှုရှိပါတယ်။ ဆော့စ်အတွက်၁။ ပဲပြားချဉ် ၁ နို့ဆီဘူး ၂။ ချင်း (အမျှင်မျှင်ပြီး) ၂ စားပွဲဇွန်း ၃။ ကြက်သွန်နီ (ခုတ်စဉ်းပြီး) ၂ စားပွဲဇွန်း ၄။ ငရုတ်သီး (အမျှင်မျှင်ပြီး) ၂ စားပွဲဇွန်း ၅။ သံပရာရည် အရသာသင့်ရုံ ၆။ ငရုတ်သီး (အမျှင်မျှင်ပြီး) ၂ စားပွဲဇွန်း ၇။ အသားတစ်မျိုးမျိုး (ခုတ်စဉ်းပြီး) ၂ စားပွဲဇွန်း (အသးကို နှစ်သက်ပါက ထည့်ပါ။) ပြုလုပ်နည်းကြက်သွန်ဖြူကို ဆီသတ်၍ ၀ါရောင်သမ်းလာလျှင် စဉ်းကောထားသော ကြက်သား (သို့မဟုတ်) ၀က်သား (သို့) ပုဇွန်များနှင့် ပဲ ပြားတို့ ထပ်ထည့်၍ ကောင်းစွာမွှေပေးပါ။ အအေးခံထားသော ထမင်းများထည့်ပါ။ ဆားထည့်ပြီး ထက်အောက်လှန်၍ နှံအောင် မွှေပေးပါ။ ထမင်းများမွှေနှောက်ပြီးလျှင် ချင်းမျှင်များ၊ အနီရောင်နှင့် အစိမ်းရောင်ငရုတ်မျှင်များ၊ ကြက်သွန်နီများထည့်၍ ရောမွှေပေး ပါ။ အရသာရှိသော ထမင်းကြော်ကိုရပါပြီ။ ပဲပြားချဉ်၊ အမျှင်မျှင်ထားသောချင်း၊ ခုတ်စဉ်းထားသော ကြက်သွန်နီ၊ အမျှင်မျှင်ထားသော ငရုတ်သီးနှင့် အသားများပါသည်ကို နှစ်သက်ပါက အသားစဉ်းကောတစ်မျိုးမျိုးထည့်မွှေပြီး သံပရာရည်ကို အရသာသင့်ရုံထည့်ပြီး သမအောင်မွှေပေးလိုက်ပါက အရ သာအလွန်ရှိသည့် ဆော့စ်ကိုရပါပြီ။ အရသာရှိသော ထမင်းကြော်တွေကို ဗျတ်ဗန်းကြီးတစ်ခုတွင်ထည့်သွင်းကာ လတ်ဆက်တဲ့ ဟင်းသီးဟင်းရွက်များဖြစ်တဲ့ သခွား သီးတွေ၊ နံနံပင်တွေ၊ ကြက်သွန်မြိတ်တွေကို အလျားလိုက်လှီးဖြတ်ကာ မွမ်းမံထည့်သွငှ်းု၍ တည်ခင်းနိုင်ပါသည်။ ဧည့်သည်တွေအတွက် ဒါမှမဟုတ် ဧည့်ခံပွဲအတွက်ဆိုရင်တော့ ဟင်းဟီးဟင်းရွက်တွေကို ပန်းစည်းသဖွယ် ပြုလုပ်ပြီးထမင်းကို လူတစ်ဦးစာစီအတွက် ခန့်မှန်းယူပြီး ရွှေရောင်ပိုးသားပ၀ါကျဲဖြင့်ထုပ်ပိုးတည်ခင်းနိုင်ပါတယ်။ ရွှေရောင်ပ၀ါကျဲပြုပ်နည်းကို ဆက် လက်လေ့လာကြစေလိုပါတယ်။ ထမင်းကြော်ထည့်သွင်းထုပ်ပိုးမဲ့ ရွှေရောင်ပ၀ါကျဲ (Gold silk net) ကို ကြည်ဥနဲ့ပြုလုပ်မှာဖြစ်ပါတယ်။ ရွှေရောင်ပ၀ါကျဲ ပြုလုပ်ဖို့အတွက် ရှစ်လက်မအရွယ်မကပ်သော ဒယ်အိုးတစ်လုံးကို နွေးလာရုံလောက်သာ အပူပေးရပါမယ်။ သိပ် ပူလွန်းရင် ကြက်ဥတွေတူးကုန်မှာဖြစ်ပါတယ်။ ကြက်ဥနှစ်လုံးကို မွှေနှောက်ပြီး ဆန်ခါစိပ်ပေါ်မှနေ၍ ဖြတ်စီးဆင်းစေပြီး ကက်ချပ် ခွက်ထဲသို့ လောင်းထည့်ပေးပါ။ ကြက်ဥအမျှင်လုပ်တဲ့ခွက်ရှိပါက ပိုပြီးသင့်တော်ပါတယ်။ ဘယ်လိုအောက်ခံခွက်ကို အသုံးပြုပါစေ ကြက်ဥများက မှန်မှန်အဆက်မပြတ်စီးဆင်းကျစေဖို့ အရေးကြီးပါတယ်။ ဆန်ခါခွက်ကို ရှေ့၊ နောက်၊ ၀ဲ၊ ယာ ကန့်လန့်ဖြတ်လျှင် မြန်စွာရွှေ့ပေးခြင်းနဲ့ ရွှေရောင်ပ၀ါကျဲ (gold silk net) ပုံစံပေါ်လာပါတယ်။ ရွှေရောင်ပ၀ါကျဲစကို စပတ်ကျူလာပြားနဲ့ ဆယ်ယူပြီး ဘိန်းမုန့်တွေထပ်သလိုမျိုးဘေးဘက်မှာချထားပါ။ ကြက်ဥနှစ်လုံးဆိုပါက ရွှေရောင်ပ၀ါကျဲစ ငါးခုခန့်ရပါမယ်။ ရွှေရောင်ပ၀ါကျဲစရဲ့ အလယ်မှာ ထမင်းကြော်ကိုထည့်ကာ သပ်ရပ်စွာခေါက်ပြီး ပါးပါးလှီးထားသော ငရုတ်သီးနဲ့ နံနံပင်တွေ မွမ်းမံ ပေးပြီး တည်းခင်းနိုင်ပါတယ်။ ထမင်းကြော်အတွက် မွမ်းမံထည့်သွင်းပေးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ဆလတ်ရွက်၊ ကြက်သွန်မြိတ်၊ သခွားသီးစတဲ့ လတ်ဆက်တဲ့ အသီးအရွက်တွေပဲဖြစ်ပါတယ်။ ထိုင်းလူမျိုးတို့ဟာ ထမင်းကြော်မှာ လတ်ဆတ်တဲ့ အသီးအရွက်တွေကို အမြဲထည့် သွင်းစားသောက်လေ့ရှိကြပါတယ်။ ဒီနည်းလမ်းဟာ ထမင်းကြော်တွေကို တည်ခင်းတဲ့အခါမှာ ပိုမိုဆွဲဆောင်မှုရှိစေတဲ့နည်းပဲဖြစ်ပါ တယ်။ ပိုမိုဆွဲဆောင်မှုရှိစေတဲ့နည်းတွေကိုလည်း ဖတ်ကြည့်ကြပါဦး။ သခွားသီးနုနုတွေကို လက်ကိုင်ကွင်းပုံစံဖြစ်အောင် မထူမပါးလှီး၍ အတွင်းသားတွေကို ဖယ်ရှားပေးပါ။ လက်ကိုင်ကွင်းတစ်ကွင်း မှာ အတွင်းသားတွေကို ဖယ်ရှားပေးပါ။ လက်ကိုင်ကွင်းတစ်ကွင်းမှာ အခြားဟင်းသီးဟင်းရွက်တွေကို ပန်းစည်းသဖွယ်ထည့်သွင်း ပေးနိုင်ပါတယ်။ သခွားသီး အရင့်ကြီးကြီးကို အရွက်ငယ်လေးများဖြစ်အောင် အရှည်လိုက်မထူမပါးလှီးလိုက်ပါ။ အနီရောင် ငရုတ်သီးစိမ်းနဲ့ အစိမ်းရောင်ငရုတ်သီးစိမ်းတွေကိုလည်း ပန်းပွင့်ပုံဖော်၍လှီးပြီး အစေ့ငယ်လေးများကို ဖယ်ပစ်ကာ ငရုတ်သီးကို ရေစိမ်ထားပါက ပွင့်ကားလာမှာဖြစ်ပါတယ်။ နံနံပင်အခက်လေးတွေနဲ့ ကြက်သွန်မြိတ်တွေကိုလည်း ထက်ခြမ်းခွဲပြီး ရေခဲရေမှာ စိမ်ထားမယ်ဆိုရင် အနားတွေကော့ပျံနေမှာ ဖြစ်ပါတယ်။ အသားအသီးအရွက်ဟင်းချို (Gaeng Chud) အသားနဲ့ဟင်းသီးဟင်းရွက်တွေနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းချိုရည်အကြည်မျိုးဖြစ်ပြီး လန်းဆန်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ များ သောအားဖြင့် နေ့စဉ်စားသောက်နေတဲ့ ထမင်းပွဲတွေမှာ စားသောက်လေ့ရှိကြပါတယ်။ အသားအသီးအရွက်ပြုတ်ရည်ပြုလုပ်ရန်အတွက် ပြုတ်ရည်ပြုလုပ်ရန်အတွက် အရိုးကို အသုံးပြုပေမဲ့ အိုးအဖုံးကို မပိတ်ဘဲ တည်ထားရမှာဖြစ်ပါတယ်။ သို့မှသာ ပြုတ်ရည်အကြည် ရလာမှာဖြစ်ပါတယ်။ အချိန်ကုန် လောင်စာကုန်သက်သာစေဖို့ ခနောအတုံးအခဲလေး (Knorr cubes) များ (ဆူပါမတ်ကတ်များ၊ ဈေးများတွင်ဝယ်၍ရပါသည်)ကို အသုံးပြုနိုင်ပြီး အရောင်အတွက် ပဲငံပြာရည်ကို ထည့်သွင်းပေးရပါတယ်။ Gaegn Chud ပြုတ်ရည်နှင့် တရုတ်မှိုခြောက်အဆာသွက်ပြုလုပ်နည်းGeang Chud of stuffed dried Chinese mushroomsပါဝင်သောအမယ်များ ၁။ အရိုးပြုတ်ရည်ကောင်းကောင်း ၆ နို့ဆီဘူး ၂။ တရုတ်မှိုခြောက် (အသေး) ၃။ ကျောက်ဖရုံသီး (အလုံးသေး) အစာသွက်ရန်အတွက်၁။ ၀က်သား (စဉ်းကော) ၁ နို့ဆီဘူး ၂။ ဆား ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ နံနံ (ရောထောင်းပြီး) ၂ လက်ဖက်ရည်ဇွန်း ၃။ ပဲငံပြာရည် ၂ လက်ဖက်ရည်ဇွန်း ၄။ နံနံပင် (နုပ်နုပ်စဉ်းပြီး) ၁ စားပွဲဇွန်း ၅။ ကြည်သွန်မြိတ် (နုပ်နုပ်စဉ်းပြီး) ၁ စားပွဲဇွန်း ၆။ ၀က်မြေစာဥ (ခုတ်စဉ်းပြီး) ၂ စားပွဲဇွန်း ပြုလုပ်နည်း တရုတ်မှိုခြောက်တွေကို ပျော့ပျောင်းလာတဲ့အထိ ရေစိမ်ပြီး အညှာတွေကို လှီးဖြတ်ပစ်ပါ။ ကျောက်ဖရုံသီးကို အခွံခွာ၊ ကုဗတုံးအ ရွယ်များတုံးပြီး ပြုတ်ရည်အိုးထဲ ထည့်ပြုတ်ပါ။ အဆာသွက်စာအတွက် အမယ်များအားလုံးကို ကောင်းစွာရောနှောအောင် နယ်ပေး ပြီး သမသွားတဲ့အခါမှာ မှိုတစ်ပွင့်စီမှာ သွတ်သွင်းပေးပါ။ အဆာသွတ်ထားတဲ့ မှိုတွေကို ရေနွေးငွေ့နဲ့ ပေါင်းပေးပါ။ တည်ခင်းရန်အ တွက် အဆာသွက်မှိုတွေနဲ့ ကျောက်ဖရုံသီးတုံးတွေကို ဟင်းသောက်ပန်းကန်လုံးတစ်လုံးစီမှာ ထည့်ပြီး အပေါ်မှ ပြုတ်ရည်ကို လောင်းထည့်ပေးပါ။ နှစ်သက်ပါက နံနံပင် ကြက်သွန်မြိတ်တို့မွမ်းမံပါ။ သကြားရည်စိမ်ထန်းသီးဆန် (Palmyra Fruit in Palm Sugar Syrup) ပါဝင်သောအမယ်များ ၁။ ထန်းသီး (အလုံးသေးသေး) ၂၄ လုံး ၂။ ကြံသကာသကြား ၁ နို့ဆီဘူး ၃။ အုန်းနို့ဦးရည် (ဆားထည့်ရုံမျှထည့်ပြီး) ၁/၂ နို့ဆီဘူး ပြုလုပ်နည်း အလုံးသေးတဲ့ ထန်းသီးလေးတွေကို အခွံခွာပါ။ ကြံသကာသကြားကို ရေမထည့်ဘဲ ဆူအောင်အပူပေးထားပါ။ မီးအေးအေးပေါ်မှာ သကြားရည်ကိုတည်ပြီး ထန်းသီးဆန်လုံးလေးတွေကိုထည့်၍ သကြားရည်ပျစ်လာသည်အထိ နှစ်နာရီကြာအောင် တည်ထားပါ။ အချိန်စေ့ရင် ဖိုမှချပြီး သကြားရည်စိမ်ထန်းသီးဆန်တွေကို အုန်းနို့ဦးရည်နဲ့တွဲပြီး တည်ခင်းနိုင်ပါတယ်။ |